Office Hours: Mon - Fri 8:00-19:00 Sat: 8:00-14:00

ထိုင်းနိုင်ငံ ကယ်လဆီယမ် ဓာတ်မြေဩဇာ

ထိုင်းနိုင်ငံ ကယ်လဆီယမ်​ ဓာတ်မြေဩဇာ

ကယ်လဆီယမ်၏ ဂုဏ်သတ္တိများ

ဓာတုဗေဒ ဖော်မြူလာ: Ca Co3

ဖွဲ့စည်းပုံ  Ca .၅၆%  နှင့်  Co2 ၄၄%

CCE ၉၀၉၇%

pH ထိန်းညှိခြင်းအတွက် သင့်လျော်သည်။ ကြက်နှင့်ဝက် အစာလုပ်နည်းထဲသို့ ကယ်လဆီယမ်ထည့်နိုင်ပြီး အက်ဆစ်ဓာတ်များနေသော မြေဆီလွှာကို မျှတအောင် လုပ်ရာတွင်လည်း သုံးနိုင်သည်။

ပုစွန်ကဲ့သို့ ရေနေတိရစာ္ဆန်များကို အစာကြွေးရန်အတွက်လည်း ကောင်းမွန်ပါသည်။

Contact Us

ကယ်လဆီယမ်ဓာတ်မြေဩဇာ အသုံပြုခြင်း၏ အခြားကောင်းမွန်သော အကျိူးကျေးဇူးများ

၁ – ကျန်းမာသော မြေဆီလွှာများ ဖန်တီးပေးသည်

ကယ်လဆီယမ်သည် ကောင်းမွန်သော မြေဆီလွှာတည်ဆောက်မှုအတွက် မဖြစ်မနေလိုပါသည်။ ၎င်းသည် မြေဆီလွှာ၏ အက်ဆစ်ဓာတ်နှင့် pH အဆင့်များကို ထိန်းညှိရာတွင် ကြီးမာသော အခန်းကဏ္ဍမှ ပါဝင်သည်။ ရေကို စုပ်ယူအားပိုကောင်းစေပြီး အာဟာရဓာတ်များကို အဆင့်သင့်ရှိနေအောင် ထိန်းသိမ်းပေးရာတွင် ကူညီပေးသည့်အပြင် တိုက်စားမှုကိုလည်း လျော့ချပေးသည်။ ဤအချက်သည် ကယ်လဆီယမ်ဓာတ်မြေဩဇာကို အိမ်တွင်ဖြစ်ဖြစ်၊ စီးပွားရေးအသုံးချမှုတွင်ဖြစ်ဖြစ် ကျန်းမာသော မြေဆီလွှာများ ဖန်တီးပေးမှုတွင် စံပြဖြစ်စေသည်။

၂ – အာဟာရဓာတ် စုပ်ယူမှု အားကောင်းစေခြင်း

ကယ်လဆီယမ်သည် အပင်များကို ၎င်းတို့လိုအပ်သော အာဟာရဓာတ်များအားလုံး ရရှိစေရန် ကူညီပေးရာတွင် ကောင်းမွန်စေသည့်အတွက် စွန့်ပစ်ပစ္စည်းများ လျော့ချစေသည်။ ကယ်လဆီယမ်သည် ရေမှတဆင့် အမြစ်ကိုဖြတ်ပြီး အပင်ဆီသို့ ဝင်ကာ အပင်ကို သန်မာစွာနှင့်ကျန်းမာစွာ ကြီးထွားစေရန် ကူညီပေးသည်။

၃ – အစောပိုင်းရာသီကြီးထွားမှု

မြေဆီလွှာထဲတွင် ကယ်လဆီယမ် ပိုမိုပါဝင်ခြင်းဖြင့် အပင်များ လျင်မြန်စွာနှင့်စောစီးစွာ ကြီးထွားစေသည်။ ၎င်းသည် အပင်များကို တညီတညာတည်းဖြစ်စေရန်နှင့် ပုံသဏ္ဍာန်၊အရွယ်အစား တူညီစေရန် ထိန်းသိမ်းပေးရာတွင် ကောင်းမွန်ပါသည်။ အပင်များသည် တူညီသော ပုံသဏ္ဍာန်၊အရွယ်အစားရှိပါက ကောက်ပဲသီးနှံနှင့် တိရစာ္ဆန်အစာ စိုက်ပျိုးသော လယ်သမားများအတွက် အဆင်ပြေစေပါသည်။

၄ – ကျန်းမာသော အပင်တစ်ရှူး

ကယ်လဆီယမ်သည် အပင်များအတွင်း ကျန်းမာသော ဆဲလ်နံရံများ တည်ဆောက်ခြင်း၊ကျန်းမာသော ဆဲလ် အစုအဝေးများ မြှင့်တင်ပေးခြင်းနှင့် အမြှေးပါးများ၏ စိမ့်ဝင်နိုင်စွမ်းကို တိုးတက်စေခြင်း တို့အတွက် မဖြစ်မနေလိုအပ်ပါသည်။ ဤအချက်များသည် သင့်အပင်များကို ပို၍ကျန်းမာလာအောင်သာမက ပို၍ ကြာရှည်ခံအောင်နှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးပါသည်။

၅ – ကျန်းမာသော တိရိစာ္ဆန်အစာများ (မြက်ခြောက်/ကြက်စာ)

မြေဆီလွှာထဲရှိ ကယ်လဆီယမ်သည် နွားများ၊ကြက်များစသော တိရိစာ္ဆန်များကို အစာကြွေးရန်အတွက် ပို၍ ကျန်းမာသော၊အာဟာရပြည့်၀သော တိရိစာ္ဆန်အစာများကို ထုတ်လုပ်ပေးနိုင်ပါသည်။ သင့်မွေးမြူရေး တိရိစာ္ဆန်များကို အာဟာရပြည့်၀သော အစာများပေးပြီး ၎င်းတို့ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင်နှင့်ကျန်းမာအောင် ထားပါ။ ထိုသို့လုပ်ပါက သင့်မွေးမြူရေးအတွက် ကောင်းမွန်စေရုံသာမက သင့်ကုန်အမှတ်တံဆိပ်အတွက်ပါ ပိုကောင်းစေပါသည်။

၆ – သီးနှံထွက်နှုန်းပိုကောင်းစေပြီး အမြတ်ပိုများစေသည်

ကယ်လဆီယမ်သည် ပို၍ကျန်းမာသော အပင်များကို ဖန်တီးပေးပါသည်။ သင်သည် အရည်အသွေး ပို၍မြင့်မားသော သီးနှံထွက်နှုန်းဖြင့် အမြတ် ပိုများများရလိုပါက  ကယ်လဆီယမ်ဓာတ်မြေဩဇာ အသုံးပြုခြင်းသည် ကောင်းမွန်သောနည်းလမ်းဖြစ်သည်။

ဘာလို့ ထိုင်းနိုင်ငံ ကယ်လဆီယမ်ဓာတ်မြေဩဇာ ဝယ်ရမလဲ?

ကယ်လဆီယမ်ဓာတ်မြေဩဇာသည် ရည်ရွယ်ချက်များစွာအတွက် သုံးနိုင်သောထုတ်ကုန်ဖြစ်ပြီး အပင်များအစာကျွေးရန်နှင့် ရောဂါများကုသရန်(သို့)တားဆီးရန်(အထူးသဖြင့် အသီးပင်များအကြား) တို့အတွက် အသုံးပြုနိုင်ပါသည်။ ၎င်းသည် မျှတသော စီးပွားဖြစ်ဓာတ်မြေဩဇာများတွင် အသုံးများသော အစိတ်အပိုင်းဖြစ်သည်။ သို့သော် ၎င်းကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် အိမ်တွင် အလွယ်တကူ ရောစပ်နိုင်ပါသည်။

သင်သည် ဤထုတ်ကုန်ကို သုံးသင့်မသင့် မသေချာပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။ ကျွန်ုပ်တို့မှ သင့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံး စံပြဓာတ်မြေဩဇာကို ရွေးချယ်ဝယ်ယူနိုင်အောင် အာမခံကူညီပေးပါမည်။

97792309_2313506888945508_2742045587217055744_n
ပို့ခြင်း

2-3 ရက်အတွင်း။

အရည်အသွေးအာမခံချက်

ကျေးဇူးပြု၍ ထုတ်ကုန်၏အချက်အလက်များနှင့်အင်္ဂါရပ်များကိုဖတ်ပါ။

12030885-rice-plant-Stock-Photo-1030x686

ယခုဖုန်းခေါ်ပါ

ကျွမ်းကျင်သူနှင့်တိုင်ပင်ပါ

+66896 069 6986